မိခင်တွေရဲ့ စိတ်ကျန်းမာရေး

Posted Leave a commentPosted in Blog, Popular Articles

“စိတ်မြန်သလောက် လူမလိုက်နိုင်တော့တာကို လက်မခံနိုင်ဘူးဖြစ်နေတယ်” “ကမ္ဘာနှစ်ခုကြား ဗျာများနေရသလိုပဲ” “တစ်နေ့တစ်နေ့ ဒီလိုပဲတစ်ပုံစံတည်းသွားနေရင်း ကိုယ်မသိလိုက်သေးခင်မှာ နှစ်တွေလတွေကုန်သွားတယ်။ ကိုယ်သိလိုက်တဲ့အခါ ကိုယ့်ဘဝကြီးက အစရှာမရအောင်ပြောင်းလဲသွားတယ်” “မှန်မကြည့်တာကြာပြီ၊ ကြည့်လည်းမကြည့်ချင်တော့ဘူး” “မိခင်ဖြစ်လာတဲ့ကိုယ့်ကို လက်ခံလာနိုင်ပေမယ့်၊ မိခင်မဟုတ်ခင်ကကိုယ့်ကိုလည်း ပြန်လိုချင်မိတယ်။” “နို့တိုက်ချင်ပေမယ့် နို့မထွက်တဲ့အခါ ဘဝမှာရှုံးနှိမ့်မှုကြီးတစ်ခုလို့ ခံစားရတယ်။” “ကျန်းမာတဲ့ကလေးလေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်ပေမယ့်၊ အဲ့ဒါရဲ့အကျိုးဆက်ဖြစ်တဲ့ အရင်လိုမဟုတ်တော့တဲ့ ကိုယ့်ခန္ဓာကိုယ်ကို လက်ခံရတာအရမ်းခက်တယ်။ ဘယ်သူ့ကိုမှလည်းမပြောပြရဲဘူး၊ ကိုယ့်ကိုယ်ကိုလည်း ဒီလိုစိတ်ဖြစ်လို့ မုန်းမိတယ်။” “ကိုယ့်ကိုယ်ကိုတော့ အရည်အချင်းတွေမကျသွားဘူးလို့ ယုံကြည်ပေမယ့်၊ ကလေးမရခင်ကထက် ပိုပြီးကြိုးစားပြရ သက်သေပြရတာကြောင့် စိတ်ထဲမှာခံပြင်းတယ်။” “တစ်ချို့ရက်တွေ ဘာမှမလုပ်ပဲ အိပ်ရေးဝဝ အိပ်ချင်တယ်။” “ကလေးရလာလို့ အိမ်ထောင်ရေးသာယာသွားတဲ့သူတွေကို အားကျမိတယ်။” “ကလေးအတွက်ဘာမဆိုလုပ်ပေးနိုင်သူက မိခင်ကောင်းလား၊ ကလေးအတွက် ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်သူက မိခင်ကောင်းလား? တစ်ခါတစ်လေ ကိုယ်တိုင်က အဲ့ဒီနှစ်ခုကြား […]

အသက်သုံးဆယ်ကျော်သွားပြီမို့ ရည်မှန်းချက်တစ်ခုထားဖို့ သိပ်နောက်ကျသွားပြီလား?

Posted Leave a commentPosted in Blog, Women Entrepreneurship, Work-life Integration

ကျွန်မတို့ How She Did It ကို message ပို့ပြီး တိုင်ပင်စာတွေပို့တဲ့အထဲက အမေးအများဆုံးမေးခွန်းတွေ၊ ဒါမှမဟုတ် ထူးခြားတဲ့မေးခွန်းတွေကို စာဖတ်သူတွေလည်း ဗဟုသုတဖြစ်အောင် #LetsGetOverIt အနေနဲ့ ကျွန်မမျှဝေသွားပါမယ်။ မေးတဲ့သူနဲ့ သူ့ရဲ့အကြောင်းအရာတွေကို ဖော်ပြသွားခြင်းမလုပ်ပါဘူး။ ကျွန်မကိုယုံကြည်ပြီး တိုင်ပင်လာသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ တိုင်ပင်စာတိုင်းကို သေချာအချိန်ပေးပြီးဖတ်ပါတယ်၊ ပြီးမှ စာသေချာပြန်ရေးပါတယ်။ အမျိုးသမီးအချင်းချင်းမို့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ လမ်းပျောက်နေရင် လမ်းပြနိုင်မှု လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ Let’s Get Over It လို့နာမည်ပေးတဲ့ အဓိက,ကရည်ရွယ်ချက်က ဒီမေးခွန်းတွေဟာ အမျိုးသမီးတိုင်းလိုလို ရင်ထဲမျိုသိပ်ပြီး ခံစားရတဲ့မေးခွန်းတွေ၊ စိတ်ဒုက္ခဖြစ်စေတဲ့ အတွးတွေ၊ ဘဝတက်လမ်းနဲ့ပျော်ရွှင်မှုတွေကို ပိတ်ဆို့စေတဲ့ အတွေးတွေ။ ဒါကို ဖွင့်ချပြီး၊ မျှဝေလိုက်က်ခြင်းအားဖြင့် အကျိုးကျေးဇူးနှစ်ခုဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်။ […]

မိခင်နှင့် အခွင့်အရေး

Posted Leave a commentPosted in Blog, Career-loving Women, Women Entrepreneurship

ကျွန်မ အလုပ်စလုပ်ခါစ ဆယ်ကျော်သက်ဘဝကတည်းက လူကြီးသူမတွေအများစုက “အခွင့်အရေးဆိုတာ နှစ်ခါမလာဘူး” ဆိုတဲ့စကားကိုလက်ကိုင်ထားပြီး လူငယ်တစ်ယောက်အနေနဲ့ ကြိုးစားဖို့၊ အမြဲတက်ကြွနေဖို့၊ အခွင့်အလမ်းကောင်းတွေတွေ့ရင် လက်မနှေးဖို့ သွန်သင်ဆုံးမခဲ့ကြတယ်။ ဒီစကားကြောင့် ကျွန်မဘဝမှာ တက်လမ်းတွေအများကြီးပွင့်ခဲ့တယ်။ ဒီစကားကြောင့်လဲ သွက်လပ်တဲ့တွေးခေါ်မှုတွေ၊ လုပ်ရည်ကိုင်ရည်တွေရလာတယ်။ ဒီစကားကိုလက်ကိုင်ထားလို့ အခွင့်အလမ်းကောင်းတွေကို ရှာဖွေချိတ်ဆက်တတ်လာတယ်။ ဒါပေမယ့် မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ဒီစကားက ကိုယ်နဲ့မကိုက်တော့ဘူးဖြစ်လာတယ်။ ကျွန်မအမြဲပြောဖူးတာလေးရှိတယ် – working woman နဲ့ working mother က ရေနဲ့ဆီလိုကွာခြားတယ်။ လူငယ်လူလွတ်ဘဝမှာတုန်းက အလုပ်ကိုအချိန်ပြည့်လုပ်နိုင်တယ်၊ အလုပ်ပြီးရင် ညစာစားပွဲလည်းတက်နိုင်တယ်၊ စနေတနင်္ဂနွေ အလုပ်နဲ့ပတ်သတ်တာတွေလုပ်ပေးပါဆိုရင် လုပ်နိုင်တယ်။ ခရီးထွက်ဆိုရင်လည်း နီးတာဝေးတာကိစ္စမရှိဘူး အိပ်ကလေးထုပ်ပိုးပြီး ပေါ့ပေါ့ပါးပါးထွက်သွားနိုင်တယ်။ အဲ့ဒီအရွယ်မှာ အဲ့ဒါတွေလုပ်ခဲ့လို့ ကိုယ့်အတွက် အတွေ့အကြုံအသစ်တွေ၊ လူမှုစက်ဝိုင်းအသစ်တွေ၊ ဗဟုသုတအသစ်တွေ၊ ကိုယ်မသိသေးတဲ့ အတွေးအခေါ်အသစ်တွေကို ရလာနိုင်ခဲ့တယ်။ […]

Passion ဘယ်လိုရှာရမလဲ?

Posted Leave a commentPosted in Blog, Work-life Integration

Passion ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာ၊ အရမ်းအားစိုက်စရာမလိုပဲ စိတ်ပါလက်ပါနဲ့လုပ်ချင်တဲ့အရာ၊ အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိအောင် စိတ်ကိုနှစ်ပြီး လုပ်နိုင်တဲ့အရာ။ Passion ကိုအခြေခံတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို လုပ်ကိုင်တယ်ဆိုရင် အောင်မြင်နိုင်ခြေ ပိုများတယ်လို့ ပြောရတဲ့အကြောင်းရင်းက အလုပ်အပေါ်မှာ ကိုယ့်ရဲ့စိတ်ဝင်စားမှု (motivation) က အလုပ်လုပ်ရင်းရတဲ့စိတ်ကျေနှပ်မှုဖြစ်ပြီး၊ အလုပ်လုပ်လို့ရတဲ့ အကျိုးသက်ရောက်မှု တွေဖြစ်တဲ့ ဝင်ငွေရတာ၊ ရာထူးတိုးတာ၊ လူအထင်ကြီးတာ စတဲ့အရာတွေကနေလာတာမဟုတ်တာကြောင့်။ အဲ့ဒီတော့ လခရတဲ့အချိန်မှာ motivate ဖြစ်ပြီး၊ promotion တွေမရတဲ့အခါ motivation ကျတာမျိုးတွေ သိပ်မဖြစ်တော့ဘူး။ ရာထူးခေါင်းစဉ်တွေထက် တကယ်လုပ်ရတဲ့အလုပ်ကို ကြိုက်နှစ်သက်ပြီး ပျော်မွေ့တဲ့အတွက် ရာထူးကြီးတာ၊ငယ်တာ/ ရာထူးခေါင်းစဉ်ပြောင်းလဲတာထက် ကိုယ်ကိုလုပ်ပိုင်ခွင့်ပေးတာ (autonomy), တာဝန်ယူခွင့်ပေးတာ (responsibility) နဲ့ အလုပ်နဲ့ပတ်သပ်တဲ့ တီထွင်ကြံစခွင့်ပေးတာ (creativity) ကကိုယ့်အတွက် အရေးပါတဲ့အရာတွေ ဖြစ်တယ်။ Passion […]

Career ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင်

Posted Leave a commentPosted in Blog, Career-loving Women, Popular Articles

သားသမီးရလာတဲ့အခါ အရင်အလုပ်ပြန်မလုပ်ချင်တော့ဘူး။ ဒါပေမယ့် အခုချိန်ကျမှ အလုပ်အကိုင်အပြောင်းအလဲလုပ်လို့ ဖြစ်ပါ့မလား? အခုအရွယ်မှာ career အသစ်စတင်လို့ လွယ်ပါ့မလား? – လို့တိုင်ပင်ကြတယ်။ လွယ်တာတော့ ဘယ်အရာမှမလွယ်ဘူးဆိုတာ သေချာတယ်။ မိခင်တစ်ယောက်အနေနဲ့တင်မဟုတ်ဘူး၊ အလုပ်အကိုင်အခွင့်အလမ်းရယူနိုင်ဖို့က ဘယ်နေရာမှာမဆို လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါပေမယ့် လွယ်တာကိုတော့ ရွေးမလုပ်စေချင်ဘူး။ လွယ်လို့လုပ်လိုက်တဲ့အရာက ကိုယ်မလုပ်ချင်တာဆိုရင် ကိုယ့်အတွက်လည်းမကောင်းသလို၊ လုပ်ငန်းအတွက်လည်းမကောင်းဘူး။ ပြီးတော့ ဘယ်အရွယ်မှာမဆို career ပြောင်းတယ်ဆိုတာ နောက်မကျဘူးလို့ ကျွန်မယုံကြည်တယ်။ စနစ်တက်လုပ်တတ်ရင် စိတ်ကျေနှပ်မှုရတဲ့ အလုပ်အကိုင်တစ်ဖြစ်လာနိုင်သလို၊ အရင်အလုပ်ခဲ့တဲ့အလုပ်ထက် အများကြီးသာနိုင်တယ်။ ဒါဆို Career Change တယ်ဆိုတာဘာလဲ? Career change တယ်ဆိုတာ အလုပ်ပြောင်းတာမဟုတ်ဘူး၊ ဒီ company မှာမပျော်လို့ နောက် company ကိုပြောင်းတာမဟုတ်ဘူး။ ဥပမာ – လူတွေအများကြီးနဲ့ တိုက်ရိုက်ပြောဆိုပြီး […]

Tin Ma Ma Htet

Posted Leave a commentPosted in Our Writers

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat […]

Nang Ei Ei Mon

Posted Leave a commentPosted in Our Writers

Nang Ei Ei Mon is the founder and CEO of How She Did It, the first Female Talent Platform in Myanmar, that specializes in up-skilling women professionals and connecting them to inclusive employers. Borm and raised in Shan State, Myanmar, Nang spent over a decade of her life living in California where she received her […]

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဘယ်လိုဆင်နွှဲမလဲ?

Posted Leave a commentPosted in Blog, Career-loving Women, Women Entrepreneurship, Work-life Integration

နိုင်ငံတကာအမျိုးသမီးများနေ့ကို ဘယ်လိုဆင်နွှဲမလဲ? ——————————————– ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ရဲ့ ခေါင်းစဉ်က #BalancedForBetter ဖြစ်တယ်။ Balanced ဖြစ်တယ်ဆိုတာ မျှတမှုရှိတာ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုပြီး ပူးပေါင်းလုပ်ဆောင်နိုင်တာ။ Gender Equality Network ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်မအရမ်းသဘောကျမိတယ် – “လူမှုဘဝပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” တဲ့။ ဒါဆိုဘယ်နေရာမှာ ဟန်ချက်ညီညီလုပ်ဆောင်ဖို့လိုလဲ? ကျွန်မရဲ့ခံယူချက်သုံးခုကို ပြောပြမယ်နော်။ ၁)Equality Starts at Home ကျွန်မတို့တွေ women empowerment လုပ်တဲ့အခါတိုင်း men empowerment ကိုပါ တစ်ပြိုင်တည်းလုပ်ဖို့လိုတယ်။ အမျိုးသမီးတွေ အလုပ်ခွင်ဝင်ခွင့်ရလာတဲ့အခါ၊ အမျိုးသားတွေကို မိသားစုဘဝထဲမှာ ပိုမိုပါဝင်လာနိုင်အောင် အခွင့်အလမ်းတွေ၊ ပံ့ပိုးမှုတွေပေးဖို့လည်းလိုတယ်။ ကျွန်မမြန်မာပြည်ပြန်ရောက်တော့ အရမ်းအံ့သြသွားတဲ့ အဖြစ်အပျက်တစ်ခုကြုံတယ် .. ဖခင်တစ်ယောက်ပြောတယ်၊ သူ့ကလေးဘာကြိုက်တတ်လည်းသူမသိဘူးတဲ့။ ဘာကိုပြောတာလဲဆိုတော့ ကလေးတစ်ခုခုလိုရင် […]

၀န်ထမ်းဘဝမှ လုပ်ငန်းရှင်ဘဝသို့

Posted Leave a commentPosted in Blog, Career-loving Women, Women Entrepreneurship, Work-life Integration

ဝန်ထမ်းဘဝမှ လုပ်ငန်းရှင်ဘဝသို့ —————————— Writer: Thet Mon Aye ပြီးခဲ့တဲ့တစ်ပတ်က Global Entrepreneurship Week ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးကကျင်းပကြတဲ့အချိန်မှာ ကျွန်မတို့ How She Did It ကတစ်ပတ်အတွင်း ပွဲငါးပွဲမှာ Women Entrepreneurship နဲ့ပတ်သတ်ပြီး ပါဝင်ဆွေးနွေးဖြစ်တယ်။ အဲ့ဒီပွဲတွေက Building Product For Women, GEW 2018: HR Innovation: Crazy? Not Crazy?, GEW 2018: Mentor Her, Women in Business & Leadership Development, Women Business Idea Competition အဲ့ဒီပွဲတွေမှာ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်တယ် ideas တွေအများကြီးရှိတယ် ဘယ်ကစလုပ်ရမှန်းမသိဘူး၊ […]

မိမိကိုယ်ကို ဦးဆောင်နိုင်မှုအကြောင်း

Posted Leave a commentPosted in Blog, Career-loving Women, Women Entrepreneurship, Work-life Integration

Personal Leadership ——————— ကိုယ့်အသိထဲမှာ ဘဝကိုတဆစ်ချိုး ပြောင်းလဲနိုင်တဲ့သူတွေဆိုတာ ရှိမှာပေါ့၊ အနည်းဆုံးတော့ ရုပ်ရှင်ထဲမှာကြည့်ဖူးမယ်ထင်တယ်နော်။ ငယ်တုန်းက အရမ်းရှက်တတ်ကြောက်တတ်တယ် ဒါပေမယ့်အခုချိန်မှာ လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတယ်၊ လူတွေအများကြီးရှေ့မှာ ရဲရဲရင့်ရင့်နဲ့စကားထွက်ပြောနိုင်တယ်။ ဆင်းရဲတဲ့မိသားစုဘဝကလာပေမယ့် အခုချိန်မှာ ပိုမြင့်မားတဲ့နေထိုင်မှုဘဝကိုပိုင်ဆိုင်နိုင်ပြီး မိဘတွေ၊ မိသားစုဝင်တွေကိုထောက်ပံ့နိုင်တယ်။ အရင်တုန်းက အရမ်းဆိုးသွမ်းပြီး လူတွေကိုဒုက္ခပေးသူတစ်ယောက်က အခုချိန်မှာ လူတွေကိုကြင်နာပြီးဖေးမတတ်သူတစ်ယောက်ဖြစ်လာတယ်။ ဒီလူတွေအားလုံးမှာ တူညီတဲ့အချက်က ကိုယ့်ကိုယ်ကိုပြောင်းလဲနိုင်စွမ်းရှိကြတယ်။ ပြောင်းလဲမှုတစ်ခုကို ယုံကြည်ကြတယ်။ ကိုယ့်ဘဝမှာရော ဒီလိုလက်ရှိအခြေအနေတစ်ခုကို ပြောင်းလဲချင်တာမျိုးရှိလား? ဥပမာ – အားနာတတ်တဲ့အကျင့်ကို ဖြတ်ပြီး “no” လို့ပြောချင်တယ်။ ကိုယ့်အကူအညီကို လိုအပ်လို့တောင်းရာကနေ မလိုလဲခေါ်ခိုင်းပြီး ကျေးဇူးမတင်တဲ့ အခြေအနေတွေ၊ အတင်းအကျပ်ဖိအားပေးတဲ့အခြေအနေတွေ၊ မလုပ်နိုင်ဘူးပြောမိလို့ ကိုယ်စိတ်မကောင်းအောင် ပြောခံရတဲ့အခြေအနေတွေ ကြုံရတဲ့အထိဖြစ်လာတယ်။ ဒါပေမယ့် အဲ့ဒီအကျင့်ကိုပြင်ချင်တယ်၊ ကိုယ့်ကိုချစ်ခင်သူတွေကလည်းပြောနေပြီး “အားမနာသင့်တော့ဘူး၊ ဒီအကျင့်ကိုပြင်တော့။” […]