Facebook Page Manager ဆိုတာ …

Career Outlook

Facebook Page Manager ဆိုတာ …

 

👉Facebook Page Manager ဆိုတာဘာလဲ

 

     ဒီဖက်ခေတ်မှာ ဆိုရှယ်မီဒီယာအသုံးပြုပြီး စီးပွားရေးကိုအပြိုင်အဆိုင်လုပ်လာနေကြပါပြီ။  online အသုံးပြုတာက ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိတာကတစ်ကြောင်း တစ်နေရာတည်းမဟုတ်ဘဲ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအထိပါ ဖြန့်ကျက်ပြီး ကိုယ့်ပစ္စည်း၊ ကိုယ့်လုပ်ငန်းကို ပိုပြီးလူသိများစေလို့ အရမ်းကို အဆင်ပြေစေပါတယ်။ ဆိုရှယ်မီဒီယာထဲမှာ လူသုံးအများဆုံး မီဒီယာကတော့ အားလုံးသိကြတဲ့အတိုင်း facebook ပါပဲ။  ဒါဆို facebook ကိုအသုံးပြုပြီး စီးပွားရေးလုပ်မယ့် facebook page ‌တစ်ခုတော့ ကျိန်း‌သေရှိဖို့လိုလာပါပြီနော်။ နောက်ပြီး page ပေါ်မှာပဲ ကိုယ့်လုပ်ငန်းကိုအောင်မြင်အောင် လုပ်နိုင်ဖို့က နည်းစနစ်တစ်ကျ ထိန်းကျောင်းပြုလုပ်ပေးမယ့် တာဝန်ရှိသူတစ်ဦးလည်းလိုအပ်လာမှာပါ။ အဲ့ဒီသူကတော့ facebook page manager ပါဘဲ။ facebook page manager တွေက page မှတဆင့် ကိုယ့်လုပ်ငန်းအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် 

Content များ၊ video များ၊ post များကို စီမံ ဖန်တီး‌ပေးကြမှာပါ။  ဈေးကွက်အတွင်း လိုချင်တဲ့ ရည်မှန်းချက်ပြည့်မီအောင်လည်း စီမံခန့်ခွဲပေးကြမှာပါ။ 

 

👉 Facebook Page Manager တွေကဘာတွေလုပ်ပေးကြလဲ

 

     Facebook Page Manager တွေရဲ့ အလုပ်တာဝန်တွေကြည့်လိုက်ရအောင်နော်

 

✓Digital technology နဲ့ social media trends တွေအားလုံးကို up-to-date သိရှိနိုင်အောင် page ကိုလုပ်ထားပေးခြင်း။

 

✓အရောင်းတက်လာအောင် page ကိုအသုံးချပြီး  ကုမ္ပဏီရည်မှန်းချက်များတိုးတက်အောင်  ရေးဆွဲစီစဉ်ပေးခြင်း။

 

✓Content planning (weekly, monthly, yearly)

Content တွေထိရောက်မှုကို စမ်းစစ် ပြင်ဆင်ပေးခြင်း။

 

✓ဈေးကွက်ရှာဖွေခြင်းနှင့် မဟာဗျူဟာရေးဆွဲခြင်း အစီရင်ခံစာကို ရေးဆွဲပြင်ဆင် တာဝန်ယူပေးခြင်း။

 

✓ဝန်ထမ်းတွေကို သေချာစီစစ်ရွေးချယ်၍ အရည်အချင်းပြည့်ဝသူများ ဖြစ်လာစေရန် သင်တန်းပေးခြင်း။

 

👉 ဘာတွေသိထားတတ်ထားဖို့လိုမလဲ

 

✓ဘွဲ့တစ်ခုရဖို့လိုအပ်ပေမယ့် အလုပ်နဲ့ပတ်သတ်တဲ့ တစ်ခြားအထောက်အထားများနဲ့ facebook page ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ် အသုံးချတတ်ဖို့လိုပါမယ်။

 

✓လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လက်ရှိ trends တွေရဲ့ စံသတ်မှတ်ချက်တွေကို ရှာဖွေသိရှိထားဖို့လိုပါမယ်။

 

✓အဖွဲ့အစည်းနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတာသိထားဖို့လိုအပ်ပါမယ်။ (marketing,sales, customer service)

 

✓ customer complaints အားလုံးကို ကျွမ်းကျင်စွာ လက်ခံဖြေရှင်းတတ်ဖို့လိုအပ်ပါမယ်။

 

✓ ခေါင်းဆောင်နိုင်မှု အရည်အချင်း အပြည့်အဝရှိဖို့လိုအပ်ပါမယ်။

 

✓ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်ပြီး ပြဿနာများကိုလည်းဖြေရှင်းနိုင်ဖို့လည်းလိုအပ်ပါမယ်။

 

     Facebook Page Manager လုပ်မယ်ဆိုရင်တော့ social media ကိုစိတ်ပါဝင်စားပြီး အလုပ်မှာ ပျော်ရွှင်နေရပါမယ်။စိတ်ရှည်သည်းခံမှု အပြည့်ရှိပြီး customer complains အားလုံးကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းနိုင်အောင် ညွှန်ကြားတတ်ရပါမယ်။လုပ်ငန်းတူတွေရဲ့ အခြေအနေကိုလည်း အမြဲလေ့လာပြီး မျက်ခြေမပြတ်စောင့်ကြည့်နောက်ကျမကျန်ခဲ့အောင် အချိန်နဲ့တပြေးညီ ကြိုးစားကြံဆောင်နေနိုင်ရပါမယ်။

 

Shared On

Leave a Reply

Your email address will not be published. Required fields are marked *