Sale assistant ဆိုတာ

Uncategorized

Sale assistant ဆိုတာ

👉Sale assistant ဆိုတာဘာလဲ?

 

     Sale ဆိုတဲ့စကားလုံးကတော့ အားလုံးနဲ့ရင်နှီးပြီးသားလို့ထင်ပါတယ်။ ဈေးရောင်းတာပေါ့နော်။ ဒါဆို sale assistant ဆိုအရောင်းဝန်ထမ်းပေါ့။ ပြိင်ဆိုင်မှုပြင်းထန်တဲ့ ဒီဖက် ၂၁ရာစုခေတ်မှာ ဈေးရောင်းတယ်ဆိုတဲ့အလုပ်ကို လူတိုင်းလွယ်လွယ်ကူကူလုပ်လာနေကြပါပြီ။ ဈေးရောင်းတယ်ဆိုတာလွယ်ကူတယ်လို့ထင်ရပေမယ့် တကယ်တမ်းရေရှည်ဖောက်သည်တည်မြဲဖို့နဲ့ ရောင်းအားတွေကျမသွားဖို့တော့ အရောင်းနဲ့ဆိုင်တဲ့ နည်းစနစ်အသစ်တွေ ပညာတွေက ပိုမိုတိုးတက်လို့လာနေပါပြီ။ ဒါကြောင့် လုပ်ငန်းတွေ၊ အရောင်းဆိုင်တွေက အရောင်းနဲ့ပတ်သတ်တဲ့ ဝန်ထမ်းတွေ၊ မန်နေဂျာတွေကို လစာကောင်းကောင်းပေးပြီး ခန့်လာနေကြပါပြီ။  ဈေးရောင်းတယ်ဆိုတာကလည်း ကိုယ်ရောင်းတဲ့ပစ္စည်းကို သေချာနာလည်းတတ်ဖို့အပြင် ကာစတန်မာကဘာ‌တွေလိုအပ်တယ်၊  အဆင်ပြေအောင်ဘယ်လိုညှိနှိုင်းရမယ်၊ ဆိုတဲ့ နည်းလမ်းတွေကိုသိထားမှ sale assistant ကောင်းတစ်ယောက်ဖြစ်လာမှာပါ။ 

 

👉 Sale assistant တွေက ဘာတွေလုပ်ပေးရမှာလဲ

 

     ဘာတွေလုပ်ပေးဖို့လိုလဲဆိုတော့ အောက်မှာကြည့်လိုက်ရအောင်နော်။

 

✓သတ်မှတ်ထားတဲ့ရောင်းအားကို ပြည့်မီအောင် လိုက်နာကြိုးစားပေးခြင်း။

 

✓ကာစတန်မာနဲ့ လုပ်ငန်း ကြားမှာ အဓိကဆက်သွယ် ညှိနှိုင်းပေးရသည့်တာဝန်ကို အပြည့်အဝယူပေးခြင်း။

 

✓ ကိုယ်ရောင်းမယ့်ပစ္စည်းအကြောင်းကို ထဲထဲဝင်ဝင်သိရှိနားလည်အောင်ကြိုးစားရခြင်း။

 

✓Customer ကိုစိတ်ရှည်လက်ရှည် ရှင်းပြပြောဆိုနိုင်ပြီး လိုအပ်ရင်သင်တန်းတတ်ရခြင်း။

 

✓ဈေးကွက်ကောင်း ရှာဖွေနိုင်ပြီး customer needs တွေကိုလည်း ရှာဖွေ‌ဖော်ထုတ်နိုင်ရခြင်း။

 

✓အရောင်းပိုင်းအပြင် order ကောက်တဲ့အပိုင်းကိုလည်း လုပ်ကိုင်‌ပေးရခြင်း။

 

👉ဘာတွေသိထားတတ်ထားဖို့လိုမလဲ

 

အရောင်းဝန်ထမ်းအတွက် လေ့လာထားသင့်တာတွေကတော့

 

✓ဘွဲ့တစ်ခုခုရရင်တော့ အလုပ်ရနိုင်ပေမယ့် အရောင်းနှင့်ဆိုင်တဲ့ လက်မှတ်အထောက်အထားများ ရယူထားဖို့လိုအပ်ပါမယ်။

 

✓စိတ်ရှည်သည်းခံနိုင်ဖို့ရယ်၊  ဝယ်သူရဲ့လိုအပ်ချက်ကို ကောင်းကောင်းနားလည်ပြီး အရောင်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုအပ်ပါမယ်။

 

✓အချိန်စီမံခန့်ခွဲမှု အားကောင်းဖို့လိုအပ်ပါမယ်။ ဥပမာ- ကာစတန်မာကသူလိုအပ်တဲ့အချိန်မှာ ပစ္စည်းကို အရောက်ပို့ဆောင်နိုင်ဖို့ပါ။ 

 

✓ဈေးကွက်ကို အပြည့်အဝနားလည်ပြီး ‌အပြောအဆိုပြေပြစ်ညှိနှိုင်းတတ်ဖို့လိုအပ်ပါမယ်။

 

✓သင်လွယ်တတ်လွယ်ပြီး အလုပ်တွင်စိတ်ဝင်စားမှုအပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။

 

     အရောင်းဝန်ထမ်းတစ်ယောက် လုပ်မယ်ဆိုရင် အရောင်းပိုင်းမှာ ထဲထဲဝင်ဝင် ဝါသနာပါသူဖြစ်ရပါမယ်။

ကိုယ်ချင်းစာတရားရှိရပါမယ်။  ကိုယ်ရောင်းမယ့်ပစ္စည်းကို ဝယ်သူကို အတင်းရောင်းတာမျိုးရှောင်ရပါမယ်။  နားထောင်မှုအားကောင်းရပါမယ်။ လုပ်ငန်းနှင့် ဝယ်သူကြားအဆင်ပြေအောင် ညှိနှိုင်းပေးနိုင်ရပါမယ်‌နော်။

 

Shared On

Leave a Reply

Your email address will not be published. Required fields are marked *